စိုင်းခန့်(မဇ္စျိမ)။ ။ မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်အရှေ့ပိုင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အထိအခ်ိုက်ရှိနိုင်ကြောင်း Young Force UG တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
မြိုင်မြို့နယ်အတွင်းရှိ နေရာတစ်နေရာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပခုက္ကူမြို့နယ်နှင့် မြိုင်မြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အောက်တိုဘာလ ၁၀ ရက်နေ့တွင် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး လက်နက်ငယ်များ အသုံးပြုကာ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှု အချိန် သုံးနာရီကျော် ကြာမြင့်ခဲ့ကြောင်း သိရသည်။
လက်နက်ကြီးများဖြင့် ပစ်ကူပေးခြင်းကြောင့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် နီးကပ်သည့် နေရာအထိ တက်ရောက်ပစ်ခတ်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အထိအခိုက်ရှိခဲ့ကြောင်း ကာကွယ်ရေးတပ်ဖွဲ့ကဆိုသည်။
စစ်ကောင်စီစစ်ကြောင်းကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ရုပ်သံဖိုင်ကိုလည်း Young Force UG တပ်ဖွဲ့က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
စစ်ကောင်စီတပ်နှင့် အပြန်အလှန်ပစ်ခတ်မှုများအတွင်း လက်နက်ခဲယမ်းမလုံလောက်မှုကြောင့် ကာကွယ်ရေးတပ်ဖွဲ့ဘက်မှ ပြန်လည်ဆုတ်ခွာခဲ့ရကာ အထိအခိုက်မရှိခဲ့ကြောင်း Young Force UG က သတင်းထုတ်ပြန်သည်။
တိုက်ပွဲဖြစ်စဉ် အသေးစိတ်နှင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးခဲ့သည့် အခြေအနေများနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် မဇ္စျိမအနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။
အဆိုပါ တိုက်ခ်ိုက်မှုကို Southerm Yesagyo ၊ Pakokku Ranger ၊ Rso (Pku)၊ Thakhin Mya (လ/နကြီး တပ်ဖွဲ့)၊ ပခုက္ကူမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(P.P.D.F)နှင့် ပခုက္ကူမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Young Force တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၉ ရက်နေ့ကလည်း မကွေးတိုင်း ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာအတွင်း ဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင် ပစ္စည်းများကို ခိုးယူနေသည့် စစ်ကောင်စီတပ်ကို ဒရုန်းဖြင့် အီနာဂါဗုံးသီးချ တိုက်ခိုက်ရာ အထိအခိုက်ရှိနိုင်ကြောင်း Young Force UG က သတင်းထုတ်ပြန်ထားသည်။
စာတည်း - သန့်ဇော်(သန်လျင်)
#mizzima
#ပခုက္ကူခရိုင်
#YoungForceUG
#အပြန်အလှန်ပစ်ခတ်မှု
#စစ်ကောင်စီတပ်
#latestnews
-----------------------------------------
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်.
https://bit.ly/2VhJ12U (သို့မဟုတ်) https://tinyurl.com/donatemzm
Subscribe our channel:
https://www.youtube.com/channel/UCk9f0cLiMmtchQySOogzoig/join
Follow us:
Facebook | Myanmar Language https://www.facebook.com/MizzimaDaily
Facebook | English language https://www.facebook.com/MizzimaMyanmarnews
Facebook | Mizzima+TV https://www.facebook.com/mizzimaplustv
Twitter https://twitter.com/MizzimaNews
Telegram https://t.me/mizzimatv
Sportify https://open.spotify.com/show/0JqldUlReGJnU3G6gNwugY
Mizzima TV App http://onelink.to/jnuwak
Mizzima Weekly Analysis & Insight Patreon https://patreon.com/MizzimaMedia?utm_medium=unknown&utm_source=join_link&utm_campaign=creatorshare_creator&utm_content=copyLink
Website :
https://bur.mizzima.com
https://eng.mizzima.com
https://www.mizzima.tv
.....................
About us:
Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.
Best YouTube to MP3 Converter
Tube MP3 is the leading converter which allows you to convert YouTube videos to MP3 files with just a few clicks. It supports high quality MP3 up to 320kbps. Enjoy listening to your favorite YouTube songs in offline mode.